မင်္ဂလာပါ
ဒီဆိုဒ်ကို ရောက်လာကြတဲ့လူတော်များများ
ယူနီကုဒ်ကို စက်ထဲမသွင်းတတ်လို့ စာဖတ်မရတဲ့ပြဿနာတွေ ခဏခဏကြုံပြီး
မိမိဖတ်ချင်တဲ့ စိတ်ဝင်စားတဲ့ စာကောင်းပေမွန်လေးတွေကို မဖတ်လိုက်ရပဲ
စိတ်ပျက်နေရတာမျိုးလေးတွေ ရှိပါတယ်.. ဒီပိုစ့်က ကွန်ပြူတာနဲ့
ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိသေးတဲ့ လူတွေအတွက် ရည်ရွယ်တယ်ဆိုရင်
ပိုမှန်ပါတယ်.. အမှန်ကတော့ ဘာမှ မခက်ပါဘူး.. အောက်မှာ ပုံလေးတွေနဲ့
တစ်ဆင့်ချင်း နားလည်လွယ်ကူအောင် ရှင်းပြပေးပ့ါမယ်... ဒီနေရာမှာ
အနည်းငယ်မှတ်သားဖို့လိုတာက Font နဲ့ Keyboard Installer ကို
ကွဲပြားစွာနားလည်ထားဖို့လိုပါမယ်..
မိမိစက်ထဲမှာ Unicode စံချိန်မှီတဲ့ မည်သည့်
Font ကိုမဆို သွင်းထားခြင်းအားဖြင့် ယူနီကုဒ်နဲ့ ရေးသားတဲ့
ဝဘ်ဆိုဒ်မှန်သမျှ အဆင်ပြေစွာ ကြည့်ရှု/ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်..
Keyboard Installer ဆိုတာကတော့ မိမိစက်ထဲမှာ
ရှိတဲ့ Font file ထဲက စာလုံးတွေကို မိမိရေးသားတဲ့ နေရာမှာ ပေါ်အောင်
ခိုင်းစေတဲ့ Program/ Software တစ်ခုပဲဖြစ်ပါတယ်.. သင့်ရဲ့စာရိုက်တဲ့
ကီးဘုတ်ကနေ "က" ခလုတ်ကို နှိပ်လိုက်တာနဲ့ သင်စာရိုက်တဲ့ စာမျက်နှာမှာ "က"
လို့ ထင်အောင် လုပ်ပေးခြင်းပါပဲ.. အရှင်းဆုံးပြောရရင် Unicode font
စက်ထဲရှိရုံနဲ့ Unicode အသုံးပြုတဲ့ ဘယ်စာမျက်နှာဆို
ကြည့်ရှုနိုင်မှာဖြစ်ပြီး Keyboard Installer တစ်ခုခုကို
စက်ထဲသွင်းထားမှသာလျှင် Unicode ကိုအသုံးပြုပြီး စာရေးသားလို့
ရနိုင်မှာ ဖြစ်ပါတယ်.. ဒါကို နားလည်ထားရင် ယူနီကုဒ်က အသင့်အတွက်
မခက်ခဲတော့ပါဘူး..
ဒီဆိုဒ်ကို ၀င်လိုက်တာနဲ့ ဘာစာမှ ဖတ်မရပဲဖြစ်နေရင် အောက်က ပုံမှာပြထားသလို ဆိုဒ်ရဲ့ ညာဘက်ခြမ်းမှာ မြန်မာဖောင့်ရယူရန် ဆိုတဲ့ ခလုတ် မဲမဲလေးကို နှိပ်လိုက်ပါ...
အပေါ်က
ပုံလေးအတိုင်း ဒေါင်းလုဒ်ကျလာရင် မိမိ ဒေါင်းလုဒ်လုပ်တဲ့ ဖိုင်
(လိမ္မော်ရောင်းလေးနဲ့ ကွင်းပြထားတဲ့ ဖိုင်) ကို နှစ်ချက် Double click
(သိုမဟုတ်) Right click >> Open ( အနီနဲ့ ကွင်းပြထားတာ )
ကို နှိပ်လိုက်ပါ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်
အဲလိုမှ မဟုတ်ဘဲနဲ့ အစိမ်းနဲ့
ကွင်းပြထားသလို Open containing folder ကို နှိပ်လိုက်ရင်
မိမိ ဒေါင်းလုဒ်ချတဲ့ Folder ထဲကိုရောက်သွားပါလိမ့်မယ်.. အဲဒိအခါကျ
ခုနဒေါင်းလုဒ်လုပ်ထားတဲ့ mm3.ttf file ကို ရှာပါ တွေ့ရင် အောက်က
ပုံမှာပြထားသလို Right click >> Copy လုပ်ပါ.. သို့မဟုတ် ကီးဘုတ်ကနေ
Ctrl နဲ့ c ကို တွဲနှိပ်ပါ.။
ပြီးတာနဲ့ အောက်ကပုံမှာပြထားသလို
Start menu မှတဆင့် Control panel ကိုသွားပါ (C:\WINDOWS\Fonts ဆိုတဲ့
လမ်းကြောင်းအတိုင်း သွားလို့လည်း ရပါသည်။) .. Fonts folder
ကိုရှာပါ။ တွေ့ရင် အဲဒိ Folder လေးကို ဖွင့်ပြီး Right click >>
Paste ကိုရွေးပါ.. သို့မဟုတ် ကီးဘုတ်ကနေ Ctrl နဲ့ v ကို တွဲနှိပ်ပါ..
အပေါ်က နည်းတွေအတိုင်းလုပ်ပြီးတာနဲ့ သင့်ဆီက
ရှိတဲ့ Firefox, Google Chrome, IE စတဲ့ Internet
browser တွေနဲ့မည်သည့်ယူနီကုဒ်ဆိုဒ်ကိုမဆို
ဝင်ရောက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်... ယူနီကုဒ်အသုံးပြုတဲ့ ၀ဘ်ဆိုဒ်တွေကို
ဖတ်ပဲဖတ်မယ် ၀င်မရေးချင်ဘူး ဆိုတဲ့ လူတွေအတွက် ဒီအထိ လိုက်ပါလုပ်ဆောင်
ဖတ်ရှုပြီးရင် လုံလောက်ပါပြီ..
ပို့စ်တွေလည်း ရေးချင်တယ် ..
ကွန်းမန့်တွေလည်း ပေးချင်တယ် ပျော်ပျော်ပါးပါးဆွေးနွေးလိုသူများကတော့
ဆက်လက်ဖတ်ရှုရန် မေတ္တာရပ်ခံပါတယ်....
ဒီဆိုဒ်ရဲ့ ညာဘက်ခြမ်း ကော်လံမှာ ကီးဘုတ်သွင်းနည်း ဆိုတဲ့ ခလုတ်မဲမဲလေးကို နှိပ်လိုက်ပါ (အနီရောင်နဲ့ ကွင်းပြထားပါတယ်။) အောက်က ပုံအတိုင်း နှိပ်လိုက်တာနဲ့ One Click Unicode Installer !! ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားထားတဲ့ ဆွေးနွေးချက်ကို
သင့် Internet browser မှာ Tab အသစ်တစ်ခုနဲ့ ပွင့်လာပါလိမ့်မယ်..
အဲဒိဆွေးနွေးချက်အတိုင်း လုပ်ဆောင်လိုက်ပါက ယူနီကုဒ်ကိုအသုံးပြုတဲ့
မည်သည့်ဝဘ်ဆိုဒ်မဆို သင့်အနေနဲ့ အဆင်ပြေစွာ ရေးသားနိုင်မှာဖြစ်ပါတယ်..
အစိမ်းနဲ့ ကွင်းပြထားတဲ့
မြန်မာဖောင့်သွင်းနည်း ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင်တော့ Myanmar3 Unicode Installation Methods ဆိုတဲ့
ခေါင်းစဉ်နဲ့ Tab အသစ်တစ်ခုနဲ့ ပွင့်လာပါလိမ့်မယ် အဲဒိဆွေးနွေးချက်မှာ
ယူနီကုဒ်ကို မိမိစက် ထဲသွင်းတဲ့နည်းလမ်းအစုံကို လေ့လာနိုင်မှာဖြစ်ပြီး
မိမိစိတ်ကြိုက် ကီးဘုတ်ကိုလည်း ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်..
နောက်တစ်ခုပြောလိုတာက ဒီဆိုဒ်မှာ ယူနီကုဒ်ကို အသုံးပြုထားတဲ့အတွက် ဇော်ဂျီဖောင့်တွေနဲ့ ရေးရင်
ယူနီကုဒ်သွင်းပြီးသား လူတွေက ဖတ်လို့အဆင်မပြေတော့ပါဘူး အဲဒိအတွက်
ဖတ်တဲ့လူတွေအဆင်ပြေအောင် ဇော်ဂျီနဲ့လည်း ရေးသားနိုင်အောင် ဆွေးနွေးချက်တစ်ခုကို
ဆွေးနွေးပေးခဲ့ဖူးပါတယ်.. ဒီနေရာလေးကို နှိပ်ပြီး သေချာလေး ဖတ်ရှုလေ့လာစေချင်ပါတယ်...
အဲလိုမှမဟုတ်ဖူးဆိုရင်လည်း ယူနီကုဒ်ကို ဇော်ဂျီလက်ကွက်အတိုင်း ရိုက်လို့ရတဲ့ Key magic က ဇော်ဂျီ-ယူနီ ဆိုတာကို အသုံးပြု၍ဖြစ်ဖြစ်NHM Keyboard
ကိုအသုံးပြု၍ ဖြစ်ဖြစ် ရေးသားပေးဖို့ လိုပါမယ်.. ဒီလောက်ဆိုရင်
ယူနီကုဒ်ကို သင့်အနေနဲ့ စက်ထဲသွင်းရမှာ ကြောက်စရာ မလိုလောက်တော့ဘူးလို့
ယူဆမိပါတယ်..
ကျနော်တို့အနေနဲ့
ဟိုးယခင် ဇော်ဂျီနဲ့ ပိုစ့်တွေကို လက်ရှိမှာ ဖတ်လို့မရတာတွေရှိပါလိမ့်မယ်..
တတ်နိုင်သလောက် ဖတ်လို့ရအောင် လုပ်ပေးနေပါတယ်.. ဒါပေမယ့် စာမေးပွဲရှိတဲ့
ကာလဖြစ်နေတဲ့အတွက် ဒီ ၂လ ၃လ အတွင်းမှာ လစ်ဟာမှုလေးတွေရှိနေတာကို
သည်းခံပေးစေလိုပါတယ်.. အသုံးပြုသူများအနေနဲ့လည်း ယူနီကုဒ်
စက်ထဲသွင်းနည်းကို သူငယ်ချင်း
အချင်းချင်း ဖြစ်ဖြစ် ပြန်လည်ရှင်းပြပေးနိုင်ကြရင် နောက်ပိုင်း အားလုံး
ယူနီကုဒ်ကို အဆင်ပြေစွာ အသုံးပြုနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်..
ဒီပိုစ့်ကို မိမိ သက်ဆိုင်ရာ
Facebook စာမျက်နှာတွေမှာဖြစ်ဖြစ် ၊ Email ကနေ Forward လုပ်၍ပဲဖြစ်ဖြစ်
၊အခြားဖိုရမ်တွေ ဘလော့ဂ်တွေမှာပြည်လည်ဖော်ပြ၍ပဲဖြစ်ဖြစ် အဆင်ပြေသလို
မျှဝေနိုင်ပါတယ်.. အဲလိုမျှဝေခြင်းအားဖြင့် ယူနီကုဒ်ဆိုတာ အားလုံးနဲ့
မစိမ်းတော့ပဲ မြန်မာတွေအတွက် Standard font ကို အောင်မြင်စွာ
အသုံးပြုလာနိုင်တော့မှာဖြစ်ပါကြောင်း.........
လေးစားစွာဖြင့်
source ... Myanmar IT Development မှ ကူးယူဖော်ပြပါသည်။
Monday, June 18, 2012
ယူနီကုဒ်သုံးသော ၀ဘ်ဆိုဒ်များတွင်စာဖတ်ဖို့အဆင်မပြေသူများ ဖတ်ဖြစ်အောင်ဖတ်ပေးပါ။(အရေးကြီး)
Labels:
နည်းပညာဆိုင်ရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေအပေါင်းအား ခင်မင်လေးစားစွာဖြင့်