Saturday, June 9, 2012

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှယနေ့စတင်ထုတ်ဝေလိုက်သော ကျပ်တစ်သောင်းတန်ငွေစက္ကူ

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၁၂ခုနှစ် ဇွန်လ၁၅ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ညနေ (ဇွန်၇ရက်) ၆နာရီသတင်းတွင် တရားဝင်ကြေညာခဲ့သည်။
အဆိုပါငွေစက္ကူအမျိုးအစားသစ်ကို အများပြည်သူအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များနှင့်အစိုးရငွေတိုက်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည် တရားဝင်သုံးစွဲငွေများအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွယ်အစားမှာ 15x7 စင်တီမီတာရှိပြီး လက်ရှိသုံးစွဲနေသော ကျပ်၁၀၀၀တန်(အသေး)နှင့်ကျပ်ငါးထောင်တန်တို့နှင့်အရွယ်အစားတူညီသည်။
ပေါ်လွင်ထင်ရှားသောအရောင်မှာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်မြေပုံ၊ သပြေခက်နှစ်ခက်နှင့်ဆင်ဖြူနှစ်စီးနှင့်ကြာဖြူတစ်ပွင့်တို့ဖြင့်ဖွဲ့စည်းရိုက်နှိပ်ထားသည်။
“ထူး၂ခြား၂ဖြစ်မယ်မထင်ဘူး။ ငါးထောင်တန်ထွက်တုန်းကလည်း ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ပြောခဲ့ကြတယ်။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ အခုလည်းဖြစ်မယ်မထင်ဘူး”ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ)ကသုံးသပ်ပြောကြားသည်။     


MM Flash Song

No comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေအပေါင်းအား ခင်မင်လေးစားစွာဖြင့်

ရှာလို့လွယ်အောင် အသစ်တင်သမျှခေါင်းစဉ်များ

Related Posts Plugin for WordPress, Blogger...
လာရောက်လည်ပတ်ကြသော မိတ်ဆွေများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။