Monday, May 28, 2012

Gmail A/C ပြန်ယူခြင်း

Gmail account ကို ဖွင့်ရာတွင် verification code တောင်းမြဲဖြစ်ပါတယ်။အဲ့ဒီ code တောင်းခြင်းကို code ထည့်ပြီး Gmail account create လုပ်လို့ရပါတယ်။

မှတ်ချက် - ထိုနည်းသည် MZ မှ ကို Iceforge22 ပြုလုပ်သည့် create new gmail နည်းလမ်းကိုမှိငြမ်းကာ ကျနော့်တွင်ရှိသော နည်းလမ်းဖြင့်ပေါင်းစပ်ကာ အကောင့်ဖွင့်ခြင်းဖြစ်ပါသည်။

လိုအပ်ချက်များ။

Ultrasulf
IE
Mozilla Firefox
ယခုအသုံးပြုနေသော Gmail account တစ်ခု
သင့်တင့်သော connection ရှိရမည်။

Ultrasulf ကို http://www.mediafire.com/?x6i3e5x59h6b4yx တွင်ရယူပါ။
 IE နဲ့ firefox ကတော့စာဖတ်သူများမှာရှိမှာပါ။
Gmail account တစ်ခုလဲစာဖတ်သူမှာရှိမှာပါ။

OK ကျနော်တို့စဖွင့်ကြစို့ ( account ကိုပြောတာ :P)

အရင်ဆုံး Ultra Sulf ကိုဒေါင်းလုပ်ချပီး ဖွင့်လိုက်ပါ။ configure လုပ်ခြင်းကို ကိုညီနေမင်းဆိုဒ်တွင်ကြည့်ပါ။ http://www.nyinaymin.org/2009/10/ultrasurf_03.html ။ဖွင့်ပြီးလျှင် IE တွင် Ultra sulf home page တက်လာလျှင်သုံးလို့ရပါပြီ။အခု ultra sulf ဖြစ်ကျော်ထားသော IE browser တွင် https://www.google.com/voice ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။


ယခုသုံးနေသောGmail username နဲ့ password ထည့်ပီး sign in လုပ်ပါ။

ထို box ပေါ်လာမည်။ I want a new number ကိုနှိပ်ပါ။
Word,phrase,number တွင်ကိုယ်ကြိုက်နစ်သက်သော number သုံးလုံးကိုရိုက်ထည့်ပါ။ဘာဖြစ်ဖြစ်၇ပါတယ်။
ပြီးလျှင် Search numbers ကိုနှိပ်ပါ။

ထို number များပေါ်လာလိမ့်မည်။ကြိုက်နှစ်သက်သည့် number ကို ရွေးပြီး notdpad ဖြင့်မှတ်ထားပါ။ သေချာမှတ်ထားပါ။အရေးကြီးပါသည်။ကျနော်ကတော့ (970) 765-8456 ကိုရွေးပြီးမှတ်ထားပါတယ်။ပြီးလျှင် continue ကိုနှိပ်ပါ။

Enter PIN box တွင်ကြိုက်နှစ်သက်တဲ့ number လေးလုံးကိုရိုက်ထည့်ရပါမယ်။ကျနော်ကတော့
1234 ပဲရိုက်ပါတယ်။ confirm PIN box တွင်လည်းအပေါ်က Enter PIN number နဲ့တူအောင်ရိုက်
ရပါမယ်။ကျနော်ကတော့ 1234 ပဲထည့်ပါတယ်။ I accept Google Voice’s Terms and Privacy Policky. တွင်အမှန်ခြစ်ပေးပါ။ပြီးရင် continue ကိုနှိပ်ပါ။

Box ပေါ်လာပါမယ်။ဒီနေရာမှ ခနရပ်ထားပါ။ဘာမှမနှိပ်ပါ။ firefox ကိုဖွင့်ပါ။
https://mail.google.com/ ကိုသွားပါ။ Create an account ကိုနှိပ်ပါ။ Create An Account page ပေါ်လာပါပြီ။ဖြည့်သင့်တာဖြည့်ပါ။ location တွင် United State ကိုပဲရွေးပါ။အရေးကြီးပါတယ်။
ဖြည့်ပီးရင် I accept ကိုနှိပ်ပါ။

Box ပေါ်လာပါလိမ့်မယ်။ country တွင် United States ကိုရွေးပြီး Phone number ကိုခုနက
Notepad ဖြင့်မှတ်ထားတာကိုထည့်ပေးရပါမယ်။ကျနော်ကတော့ (970) 765-8456 ပါ။ပြီးရင်
Send Verification code ကိုနှိပ်ပါ။ ပြီးရင် IE ကိုပြန်သွားပါ။ခုနကရပ်ခဲ့သော

တွင် Cancel ကိုနှိပ်လိုက်ပါ။ခနစောင့်ပါ။ voice mail တစ်စောင်ပို့ပေးပါလိမ့်မယ်။

Verification code ရလာပါပီ။ 861278 ဖြစ်သည်။ firefox ကိုသွားပြီး Verification code တွင်
ရလာသော code number ကိုရိုက်ထည့်ပါ။

Verify ကိုနှိပ်လိုက်ပါ။ယခုအခါတွင် သင်သည်Gmail accountကိုအောင်မြင်စွာလုပ်ဆောင်နိုင်ပါပြီခင်ဗျာ။

မှတ်ချက်။ ။ နောက်တစ်ခါ Gmail account ကိုဖွင့်ချင်ပါက သုံးနေကျGmail နဲ့ www.google.com/voice ကို၀င်
ကာ ဘယ်ဘက်ရှိ UPGRADE ကိုနှိပ်ပီးထပ်လုပ်နိုင်ပါတယ်။


ကျနော်ဒီနည်းနဲ့ဖွင့်တိုင်း အကောင့်ဖွင့်လို့ရပါတယ်။အဆင်မပြေတာရှိရင်ပြန်ပြောနိုင်ပါတယ်ခင်ဗျာ။
Mmitd member များ Gmail account ဖွင့်ရအခက်အခဲရှိနေရင် ဒီနည်းလေးနဲ့ဖြေရှင်းနိုင်ပါတယ်ခင်
ဗျာ။ ခုတလောတွေ့နေရတယ်လေ။ IT ဂျာနယ်တွေမှာ Gmail တစ်ခါဖွင့် ၉၀၀၀ ကျပ်တဲ့။ရိုက်စားဗျာ။
တော်တော်ကိုဆိုးပါတယ်။ခုဆိုဒီနည်းနဲ့အေးအေးဆေးဆေးဖွင့်လို့ရပါပြီခင်ဗျ။တပြားမှမကုန်ပါဝူး :P
ဟိမရရင်ရင်ပြောဦးနော်။ ဒီနည်းကို မလျှိုထားပါနဲ့။များများဖြန့်ပါ။ဒါမှ သူများလိမ်တာမခံရမှာလေ။
ကျနော်ကတော့မလျှိုဖူးနော် :P  mmitd အဖွဲ့သားများကျန်းမာချမ်းသာ ကြပါစေ။

BoBoAung :)
Tags: Gmail, creation
mmitd.com မှကူယူဖော်ပြသည် 

No comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေအပေါင်းအား ခင်မင်လေးစားစွာဖြင့်

ရှာလို့လွယ်အောင် အသစ်တင်သမျှခေါင်းစဉ်များ

Related Posts Plugin for WordPress, Blogger...
လာရောက်လည်ပတ်ကြသော မိတ်ဆွေများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။