ညနေ ၅နာရီ၊ ဇွန် ၉၊ ၂၀၁၂၊ YPI
ညနေ ၄နာရီ ၁၅ ၀န်းကျင်တွင်
စစ်တွေလေယာဉ်ကွင်း အနီးရှိ တပိုင်၊ ဘုမယ်နှင့် သဲချောင်းကျေးရွာများမှ
ဘင်္ဂါလီလူမျိုး အယောက် ၁၀၀၀ ခန့်က တုတ်၊ ဓါးများကိုင်ဆောင်၍
စစ်တွေမြို့ဘက်သို့ ဦးတည်လာရာ လုံထိန်းရဲများက သေနတ်ထောင်ဖေါက်ကာ
နောက်ဆုတ်စေခဲ့သည်။
ယခုလောလောဆယ် အနေအထားတွင် ရထားလမ်း တဖက်မှ
ယင်းလူအုပ်က လမ်းတဘက်တွင်ရှိသည့် လုံထိန်းရဲများအား ခဲများဖြင့်
ပစ်ပေါက်လျှက်ရှိသည်ဟု စစ်တွေမြို့ ရခိုင်အမျိုးသား စောင့်ကြည့်ရေးအဖွဲ့က
ပြောသည်။
စစ်တွေမြို့ခံများအနေဖြင့် ယခုအနေအထားတွင် လုံထိန်းများက
တားဆီးလိုက်နိုင်သော်လည်း ညဘက်တွင် ယင်းတုတ် ဓါးကိုင်စွဲသူ လူစုလူဝေးက
စစ်တွေမြို့ရပ်ကွက်များကို အန္တရာယ်ပြုလာမည့် အရေးစိုးရိမ်လျှက်ရှိသည်ဟု
ဆိုသည်။
ယင်းကျေးရွာ ၃ ရွာမှာ ပင်လယ်ထွက်ပေါက်နှင့်နီးစပ်သည့် ကျေးရွာများဖြစ်သည်။
by Yangon Press International
Saturday, June 9, 2012
စစ်တွေအနီး ကျေးရွာသုံးရွာမှ တုတ် ဓါးကိုင်လူအုပ်အား လုံထိန်းများက စစ်တွေမြို့ဘက်မရောက်စေရန် ထိန်းထား
Labels:
နေ့စဉ်သတင်းများ
Subscribe to:
Post Comments (Atom)













No comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေအပေါင်းအား ခင်မင်လေးစားစွာဖြင့်